Social Icons

twitterfacebookgoogle pluslinkedinrss feedemail

အဆင့်မြင့်ပညာသင်ယူခြင်း

အခြေခံပညာရေးပြီးဆုံးပြီးနောက် တက္ကသိုလ်ပညာ (အဆင့်မြင့်ပညာ) သင်ယူခြင်းသည် ကျောင်းသားကျောင်းသူများအတွက် အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ မိဘ၏အချိန်ပြည့်စောင့်ရှောက်မှု့ အရိပ်အာဝါသအောက်မှ မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်မည့် ခြေလှမ်းများအတွက်ပြင်ဆင်ရမည်။

လူငယ်များတွင် လူတိုင်းကိုယ်စီအောင်မြင်နိုင်သည့် မျိုးစေ့များပါရှိခဲ့ကြပြီးသားဖြစ်သည်။ လူကြီးများနှင့် ပါတ်ဝန်းကျင်မှ ထိုမျိုးစေ့ကို ရှင်သန်ကြီးထွားစေရန် ရေခံမြေခံကောင်းဖန်တီးပေးရန် လိုသည်။ စနစ်တကျ ရေလောင်းပေါင်းသင်ပေးဖို့ လိုအပ်သည်။ လူငယ်တွေဖက်ကလည်း ယုံကြည့်ချက်၊ ရည်မှန်းချက် ခိုင်ခိုင်မာမာဖြင့်ကြိုးစားလျှင်ဖြစ်နိုင်သည်။

မူလတန်းအလယ်တန်းကျောင်းများတွင် သင်ခန်းစာများကို ဆရာဆရာမများ၏ ကြီးကြပ်မှု၊ လမ်းညွှန်မှုဖြင့် လေ့ကျင့်သင်ယူခဲ့ကြရသည်။ Teaching Environment ဖြင့်သွားခဲ့သည်။ အဆင့်မြင့်ပညာရေးအတွက်မူ learning Environment ဖြင့်သွားရမည်။ မည်သည့်ပညာရပ်ကိုမဆို လေ့လာသင်ယူရာတွင် ကန့်သတ်မှုများ ရှိသည်။ ဥပမာ information Technology ပညာရပ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန် သင်ယူမည်ဆိုပါက ဘွဲ့တစ်ခုအတွက် (3) နှစ်ခန့်ကျောင်းတွင် သင်ယူယုံမျှဖြင့် မလုံလောက်နိုင်ပါ။ ကျောင်းပြင်ပအချိန်များ၊ စာကြည့်တိုက်များတွင် ဘာသာရပ်ဆိုင် အချက်အလက်များကို ရှာဖွေလေ့လာခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း၊ အချိန်နှင့်အမျှ ပြောင်းလဲနေသည့် IT ပညာရပ်များကို လေ့လာဆည်းပူး ကြိုးစားလုပ်ဆောင်မှသာလျှင် IT ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်။

အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့် ပညာရေးပတ်ဝန်းကျင်အတွက် လိုက်လျောညီထွေမှုရှိစေရန် ကြိုတင်ပြင်ဆင်ထားရမည်။

အင်္ဂလိပ်စာအတွက် ပြင်ဆင်ခြင်း

အဆင့်မြင့်ပညာရေးအား ဆက်လက်သင်ယူလေ့လာနိုင်ရန်အတွက် ပြင်ဆင်ရာတွင် အင်္ဂလိပ်စာပြင်ဆင်ခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ အင်္ဂလိပ်စာအတွက် လေ့ကျင့်ပြင်ဆင်ရင်းဖြင့် အထွေထွေဗဟုသုတ၊ စာဖတ်သောအလေ့အကျင့်၊ ပတ်ဝန်းကျင်အား စူးစမ်းလေ့လာသော အလေ့အကျင့်များ ရရှိသွားနိုင်ရန် ပြင်ဆင်ရန်လိုအပ်သည်။

အင်္ဂလိပ်စာကျွမ်းကျင်မှုအတွက် ပြင်ဆင်ခြင်းနှင့် ပါတ်သတ်ပြီး အခြေခံ (4) Skills (နားထောင်စွမ်းရည်၊ အဖတ်၊ အရေး၊ အပြော) များကိုပထမလေ့လာပြင်ဆင်သင့်ပြီးသောအခါတွင်မှ မိမိတို့၏ ပညာရေးရည်ရွယ်ချက် ရည်မှန်းချက်၊ ရွယ်ရွယ်ချက်အလိုက် international English language Testing System (ITLTS) သို့မဟုတ် Test of English as Foreign Language (TOEFL) စသည့်အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲများကို ၀င်ရောက်ဖြေဆိုသင့်သည်။

အကယ်လို့ ကျောင်းသူကျောင်းသားအနေဖြင့် (10) တန်းရမှတ် သို့မဟုတ် IGCSE ရမှတ်များကို ထူးချွန်စွာ အောင်မြင်ရရှိထားပါက ပညာသင်ဆုများ လျှောက်ထားရာတွင် အထောက်အကူရရှိစေရန် IELTS ရမှတ်များကို 7 ခန့် TOFEL (Internet Based Test) ရမှတ် (၁၀၀) ကျော်နှင့် SAT I,II အမှတ်ကောင်းကောင်း (အမှတ် ၂၀၀၀) ခန့်ရနိုင်ရန် ကြိုးစားပြင်ဆင်ထားပါက စင်္ကာပူနိုင်ငံ အစိုးရကျောင်းများဖြစ်သည့် Nanyang Technological University, Singapore University of Technology and Design, Singapore Management University များသို့ ပုဂ္ဂလိက ကောလိပ်များသို့ www.commonapp.org မှ ပညာသင်ထောက်ပံ့ကြေးများလျှောက်ထားရာတွင်လည်းကောင်း အထောက်အကူပြုနိုင်ပါသည်။

လေ့လာသင်ယူမှုပုံစံသစ်အတွက် ကြိုတင်ပြင်ဆင်သင့်

မြန်မာနိုင်ငံ၏ ပညာရေးစနစ်များကိုလည်း ပြင်ဆင်နိုင်ရန် သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာနှင့်တစ်ဝှမ်း အဆင့်မြင့်ပညာရေးနယ်ပယ်တွင် လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသည်။ ကျောင်းသူကျောင်းသားများအနေဖြင့် ရှေ့ဆက်ရမည့် ပညာရေးခရီးတွင် မိမိတို့ (10) နှစ်ကျော် ဖြတ်သန်းခဲ့ရသည့် ပညာရေးစနစ်၊ လေ့လာမှု၊ သင်ယူမှုပုံစံများနှင့် များစွာ ကွဲပြားခြင်းနားသည့် ပညာရေးစနစ်ကိုဖြတ်သန်းရမည်ဖြစ်သည်။

ပညာလက်ရှိ (၁၀) တန်းအောင်မြင်ထားပြီးသူများ (၁၀) တန်းဖြေဆိုထားသော ကျောင်းသားကျောင်းသူများအနေဖြင့် စနစ်ဟောင်း ပညာရေးတွင် ဖြတ်သန်းခဲ့ရသူများဖြစ်သည့်အတွက် ခေတ်သစ်၊ စနစ်သစ်တွင် လိုက်လျောညီထွေရှိစေရန်၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည့် ခေတ်သစ်ပညာရေးတွင် လိုက်လျောညီထွေရှိစေရန်၊ စနစ်သစ်သင်ကြား သင်ယူမှုကို လေ့လာသိရှိထားရန် လိုအပ်ပါသည်။

အနာဂတ်လူအဖွဲ့အစည်းတွင် ရပ်တည်ရှင်သန်နိုင်ရန် ဘွဲ့တစ်ခုရသည်ဆိုသည့်အချက်ဖြင့် မလုံလောက်တော့သည့် အခြေအနေမျိုး တွေ့မြင်လာရသည်။ ပညာသင်ယူခြင်း သဘောတွင် အတွေ့အကြုံ ဗဟုသုတများနှင့် ခေတ်ကတောင်းဆိုသည့် ကျွမ်းကျင်မှုအသစ်များကိုပါ ပေါင်းစပ်နိုင်မှ အသုံးကျနိုင်မည့်ခေတ်မျိုး ဖြစ်လာသည်။ ယှဉ်ပြိုင်မှုများသည် ယခုခေတ်အခါမျိုးတွင် life long Learning အတွက်ပြင်ဆင်ထားသင့်သည်။ ဘွဲ့လက်မှတ် တစ်ခုတည်းအပေါ်တွင် အားကိုးပြီး မရနိုင်တော့သည့် အခြေအနေမျိုးဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားအများစု ရင်ဆိုင်ရလေ့ရှိသည့် အခက်အခဲတစ်ခုမှာ မိမိတို့နှင့် လိုက်ဖက်မည့် ၀ါသနာပါသည့် ဘာသာရပ်ကို ရွေးချယ်ရန် မဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။ အိမ်နီးနားချင်းနိုင်ငံများမှ သက်တူရွယ်တူ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံမှ ကျောင်းသားများအနေဖြင့် ၀ီရိယအရာတွင် သာလွန်သော်လည်း၊ ဆုံးဖြတ်နိုင်မှုစွမ်းအား၊ အထွေထွေဗဟုသုတ တို့တွင် များစွာအားနည်းသည်။

ပြည်တွင်းပညာရေးကို လေ့လာသင်ယူမည်ဆိုပါကလည်း၊မိမိတို့ပညာရေးဆိုင်ရာ ရည်ရွယ်ချက်၊ ရည်မှန်းချက် ချမှတ်ပြီးမှသာ ပြည်တွင်းတွင် လေ့လာသင်ယူနိုင်သည့် ပညာရေးလမ်းကြောင်းကို ရွေးချယ်တတ်ရောက်သင့်သည်။ ဥပမာ အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်ပညာသင်ယူမည့် ကျောင်းသူ ကျောင်းသားတစ်ယောက်အနေဖြင့် အင်္ဂလန်နိုင်ငံမှသာအသိအမှတ်ပြုသော ပညာရေးလမ်းကြောင်းကို ပြည်တွင်းတွင်သင်ယူပါက အမေရိကန်ကျောင်းများ လျှောက်ထားသည့်အခါ အခက်အခဲရှိနိုင်သည်။

Friday, May 24, 2013

Scholarship One-to-One Discussion (INTI International University & Colleges)

Speaker : Tiffany Goh Wei Ting Date : 20th May 2013 Time : 2:00-4:00 hrs Venue : CROWN Education Office INTI International University & Colleges သည် မလေးရှားရှိနာမည်ကျော် ကျောင်းတစ်ကျောင်းဖြစ်ပြီး Twinning Degree Program နှင့် University Transfer Programrများကိုပို့ ချပေးနေသောကျောင်းဖြစ်သည်။ ကျောင်းပရ၀ဏ်ခြောက်ခုရှိပြီး အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ သြစတြေးလျ၊ နယူးဇီလန် တက္ကသိုလ်များသည် INTI Internatiional University and Colleges နှင့် လက်တွဲလျက် Twinning Degree Programs များကိုပူးတွဲပို့ ချပေးသည်။ Twinning Degree Programs ဆိုသည်မှာ ပထမနှစ်(သို့)ဒုတိယနှစ်ကို INTI တွင်သင်ကြား ပြီး ကျန်စာသင်နှစ် များ ကို ၄င်းနှင့်ချိတ် ဆက်ထားသောပြည်ပ တက္ကသိုလ် (၃၀၀) ကျော်သို့ ပြောင်းရွေ့တက်ရောက်နိုင်သည်။ INTI မှ ပို့ချသောပရိုဂရမ် အားလုံးကိုမလေးရှားအစိုးရနှင့် Malaysia Qualifications Agency မှအသိအမှတ် ပြုထားသည်။ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်သောဘာသာရပ်များအနေဖြင့်(မလေးရှားရင်းဂစ် ၉,၀၀၀ အထိလျှောက်ထားနိုင်ပါသည်။) Business Computing and IT Engineering Pre-University Program American University Program Biotechnology and Life Sciences Health Sciences Law Arts and Design Hospitality English Program Mass Communication ဘာသရပ်များအတွက် လျောက်ထားနိုင်သည်၊၊ မြန်မာနိုင်ငံမှ (၁၀) တန်းအောင်မြင်ပြီးသူများ IELTS မလိုပဲ Foundation (သို့) ဒီပလိုမာလမ်းကြောင်းကို လျှောက်ထားနိုင်သည်။ ပညာ သင်ထောက် ပံ့ ကြေးလျှောက်ထားရန် အသေး စိတ်အချက်အလက် များကို CROWN Education ဖုန်း 09 732 732 77 နှင့် 09 5085 185 တို့ တွင်ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်သည်၊၊